Sharing Your Exp & Knowledge

Join the forum, it's quick and easy

Sharing Your Exp & Knowledge
Sharing Your Exp & Knowledge
Would you like to react to this message? Create an account in a few clicks or log in to continue.

Go down
Luois
Luois
Admin
Posts : 12
Join date : 2022-08-22
Age : 27
Location : Yangon
https://luois-lab.forumotion.com

Basic Networking Empty Basic Networking

Tue Aug 23, 2022 12:09 am
Basic Networking by Luois

      Compute တွေ၊ server တွေ၊ switch တွေ၊ router တွေ၊ Phone စတာတွေအချင်းချင်း ချိတ်ဆက်ပြီး အဆက်အသွယ်ပြုလုပ်ဖို့ တည်ဆောက်ထားတဲ့ ကွန်ယက်ကို network လို့ခေါ်ပါတယ်။ ဒါကတော့ intro  ဝင်တာပေါ့ဗျာ ဟိဟိ... Very Happy
Network တစ်ခုမှာ Personal Computer (PC), Network Interface Card (NIC), Switch, Router စတာတွေပါဝင်ပါတယ်။ Switch တွေ Router တွေအကြောင်း မကြာခင်အသေးစိပ်လေ့လာကြာတာပေါ့ဗျာ...
ဘာကြောင့် network ကိုအသုံးပြုရသလဲ? Network ကိုအသုံးပြုခြင်းကြောင့်ရလာတဲ့ ကောင်းကျိုးတွေကတော့အများကြီးပါပဲ။ Computer တွေအချင်းချင်း Network ကနေ Data တွေပို့လို့ရမယ်။ Laughing  Laughing

Network Printer တွေ၊ Network Camera တွေသုံးလို့ရမယ်။ Gmail တို့ Facebook တို့သုံးနေကြတာဆိုတော့ ဒါတွေသိကြမှာပါအများကြီးရှင်းမပြတော့ဘူး ကျွန်တော်တို့ ဆက်သွားကြရအောင်တိုတိုနဲ့ လိုရင်းပဲ ရေးလိုက်တော့မယ် ဟိဟိ  Razz  Razz

Network တစ်ခုတည်ဆောက်တဲ့ အခါမှာတော့ ကိုယ့်ရဲ့အသုံးပြုမှု၊ လိုအပ်ချက်တွေအပေါ် မူတည်ပြီး စဉ်းစားထားသင့်တာလေးတ္ွရှိတယ်ဗျ။ Real Time Application တွေဖြစ်တဲ့ VIOP တို့ Video Conferencing တို့သုံးမယ်ဆိုရင်တော့ Delay ကိုနည်းနိုင်သမျှနည်းအောင် Bandwidth ကိုတတ်နိုင်ရင် တတ်နိုင်သလောက်များဖို့တော့ လိုတာပေါ့ဗျာ။  Rolling Eyes   Database Server တွေ Chat Server တွေရှိနေရင်လည်း end to end delay time နည်းနိုင်သလောက်နည်းဖို့လိုပါတယ်။

Network Topology
Network Topology မှာတော့ Physical topology, Logical topology ဆိုပြီးနှစ်မျိုးရှိပါတယ်။ Physical Topology ကတော့ network cable တွေနဲ့ device တွေအချင်းချင်း ဘယ်လိုချိတ်ဆက်ထားလည်း ဆိုတာသိနိုင်ဖို့ဖြစ်ပြီး၊ Logical topology ကတော့  physical topology ပေါ်ကနေ Data single တွေသွားလာနေတဲ့လမ်းကြောင်းကို သိနိုင်ဖို့ ဖြစ်ပါတယ်။

Bus Topology
Coax cable (Coaxial Cable) ရှည်တစ်ချောင်းထဲကိုပဲ device  တွေအားလုံးလာရောက်ချိတ်ဆက်ပြီး  Cable ရဲ့အဆုံးမှာ Termination တစ်ခုပြုလုပ်ထားပါတယ်။ အဲ့ဒီ cable ပျက်သွားရင်တော့ network တစ်ခုလုံး Down သွားမှာဖြစ်ပါတယ်။

Ring Topology
Ring Topology ကလည်း Cable တစ်ချောင်းကိုပဲ Device အားလုံးကလာရောက်ချိတ်ဆက်ကြတာဖြစ်ပြီး နောက်ဆုံး device နှစ်ခုအဆုံး အချင်းချင်း ring ပုံစံနဲ့ချတ်ဆက်လိုက်တာဖြစ်ပါတယ်။ ရှုပ်သွားလားမသိဘူး ကျွန်တော်ပုံနဲ့မပြတော့ဘူးနော် ပျင်းသွားလို့  Sad  Sad  Sad   Cable တစ်ချောင်းထဲကိုအမှီပြုထားတဲ့အတွက် Cable ပျက်သွားရင် Network လည်း Down သွားမှာဖြစ်ပါတယ်။ Redundancy ကိုလိုချင်တယ်ဆိုရင်တော့  Dual ring ဖြစ်ဖို့၊ Cable တစ်ချောင်းထပ်ပြီးထည့်ရပါမယ်။ ရှင်းလားမသိဘူးဗျ ကျွန်တော်လည်းဒီလောက်ပဲရှင်းနိုင်လို့ နားမလည်ခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်။  Rolling Eyes

Star Topology
End user device တွေဟာ central device တစ်ခုကို star ပုံစံနဲ့လာရောက်ချိတ်ဆက်ကြတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာသုံးနေတဲ့ LAN နဲ့ Switch တစ်လုံးကို Computer တွေက UTP cable သုံးပြီးလာရောက်ချိတ်ဆက်ကြတာကလည်း star topology ပါပဲ။ အဲ့ဒီ switch တစ်ခုလုံး down သွားရင်တော့ အဲ့ဒီ switch ကိုလာချိတ်ထားတဲ့ computer တွေလည်း internet connection မရတော့ဘူးပေါ့။ ဒါပေမဲ့ switch ရဲ့ port တစ်ခုပဲ down နေတာဆိုရင်တော့ အဲ့ဒီအလုပ်မလုပ်တဲ့ Port ကိုလာချိတ်ထားတဲ့ Computer ပဲ network connection မရမှာဖြစ်ပါတယ်။ (ဒါကညီလေးတစ်ယောက်မေးဖူးလို့ထပ်ဖြေပေးထားတာပါ)။ Network ကြီးရင်ကြီးသလို switch အရေအတွက်လည်းများလာမှာပေါ့။ အကယ်၍ down time လုံးဝရှိလို့မရတဲ့ Network များမှာဆိုရင်တော့ device တွေအားလုံးပတ်ချိတ်ရုံပဲပေါ့ဗျာ.... Full mash လို့ခေါ်တာလားမသိဘူး(ထားပါတော့ဟိဟိ.... Razz Razz Razz )

ဒီအခန်းကတော့ဒီလောက်ပါပဲ network နဲ့ဆိုင်တဲ့ post တွေ series လိုက်တင်ပေးမှာဖြစ်လို့ account ဖွင့်ပြီး လာ join ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကိုလည်း ment ခဲ့ပေးလို့ရပါတယ်။ အမှားပါခဲ့ရင် ပြောပေးပါ နောက်လူတွေကိုအမှားကြီးအသိတွေပါသွားမှာဆိုးလို့ပါ။ အားလုံးကျေးဇူးတင်ပါတယ်။ lol!


Mrs Luois likes this post

Back to top
Permissions in this forum:
You cannot reply to topics in this forum