Sharing Your Exp & Knowledge

Join the forum, it's quick and easy

Sharing Your Exp & Knowledge
Sharing Your Exp & Knowledge
Would you like to react to this message? Create an account in a few clicks or log in to continue.

Go down
avatar
Mrs Luois
Posts : 3
Join date : 2022-08-23
Age : 21
Location : Gwa, Rakhine state, Burma

Wireless Networking Empty Wireless Networking

Wed Aug 24, 2022 3:34 pm
ဒီသင်ခန်းစာမှာတော့ Wireless Networking အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်
ယနေ့ခေတ်မှာ Wireless LANဟာ တစ်ဖြည်းဖြည်းခေတ်စားလာပါတယ်
(Wireless Networking ဆိုတာတစ်နည်းအားဖြင့်ပြောရရင် Wireတွေနဲ့ချိတ်ဆက်ထားတဲ့ကွန်ရက် ပြီးတော့ Wireတွေမရှိတဲ့ကွန်ရက်ဖြစ်တယ်)
တစ်ခုသိထားရမှာကတော့ Wireless Networking မှာအမြဲတမ်း Wire တွေရှိမနေဘူးဆိုတာပဲ!! အဲဒါလေးကိုရှင်းပြမယ်နော်😊
Wire မရှိတဲ့Network နဲ့ Wire ရှိတဲ့ Network
eg/ LANs တွေနဲ့ချိတ်ဆက်လို့ရတယ်
တစ်နည်းအားဖြင့်ပြောရလို့ရှိရင် Wireless Network ထဲက user တွေ(Mobile user) တွေဟာ Wire နဲ့ချိတ်ဆက်ထားတဲ့ LAN ထဲက Resources တွေကိုချိတ်ဆက်ပြီး ယူသုံးစွဲလို့ရတယ်

Wireless Networking တွေမှာ Wireless နဲ့ဆက်သွယ်နေတဲ့နည်းပညာတွေနဲ့ အောက်ပါအခြေအနေမျိုးတွေရရှိနိုင်ပါတယ်
(၁) Wiredနဲ့ ချိတ်ဆက်ထားတဲ့ကွန်ရက်နှင့် Wireless ယာယီ Connections ချိတ်ဆက်နိုင်တယ်
(၂)Wired နဲ့ချိတ်ဆက်ထားတဲ့ကွန်ရက်နှင့် Wireless ချိတ်ဆက်ပြီး backup လုပ်ခြင်း အရေးပေါ်ချိတ်ဆက်ခြင်းတို့ကိုလဲ ပြုလုပ်နိုင်တယ်
(၃)Wired ကြိုးနဲ့ကွန်ရက်ကိုချိတ်ဆက်တဲ့နေရာမှာ Wireရဲ့ကန့်သတ်သွားနိုင်တဲ့အကွာအဝေးထက်ပိုပြီး Network ကိုချိတ်ဆက်နိုင်တယ်
(၄)ဘာကိုပဲလုပ်ခွင့်ရှိတယ်ဆိုတဲ့ တိကျတဲ့ကန့်သတ်ချက်များနှင့် သက်ဆိုင်ရာအသုံးပြုသူအချင်းချင်း အချက်အလက်တွေကိုဖလှယ်ခြင်းဖြင့် Mobile Networking တည်ဆောက်လို့ရတယ်
Wireless Networkingဟာ လိုအပ်ရင်လိုအပ်သလောက်တိုးချဲ့လို့ရတယ်
Networkကို Expand and Extend လုပ်လို့ရတယ်ပေါ့နော်
ဒါဟာကွန်ရက်ရဲ့ အခြေခံသတ်မှတ်ချက်ကိုကျော်လွန်နိုင်တယ်ဆိုတဲ့ ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်

Wireless Networkingအမျိုးအစားများ

             Wireless Network တစ်ခုမှာအသုံးပြုတဲ့ ပါဝင်တဲ့ Components တွေပေါ်မူတည်ပြီး wireless network အမျိုးအစား (3)မျိူး ခွဲခြားနိုင်တယ်
အဲဒါတွေကတော့
(1) Local Area Networks (LANs)
(2)Extended LANs
(3)Mobile Computing

Local Area Networks (LANs)

               ဒါကတော့ ကျွန်မတို့သိပြီးသားအရာတစ်ခုဖြစ်ပါတယ်
အသုံးပြုသူတွေကိုအချင်းချင်းချိတ်ဆက်ပေးထားတာဖြစ်ပါတယ်
ဥပမာပြောရရင် အဆောက်အဦဟောင်းတွေမှာ Cableတွေကိုချိတ်ဆက်လို့မရတဲ့ ခွင့်မပြုတဲ့နေရာမျိုးတွေမှာ LANကို wireless ချိတ်ဆက်တာပဲဖြစ်ပါတယ်

Extended LANs

                LANsတွေကို ထက်ချဲ့တာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ အဖွဲ့အစည်းတွေမှာအသုံးပြုနေတဲ့ LANs ဟာ Wireနဲ့ဖြစ်ခဲ့ရင် အကွာအဝေးက Cable ကြိုးပေါ်မူတည်ပြီး ဘယ်အထိသွလို့ရတယ်ဆိုတာမျိုးရှိပါတယ်
ဒီCable ကန့်သတ်ချက်ထက် ပိုချိတ် ပိုသွားချင်တာမျိုးကို LANကိုချဲ့ထွင်ခြင်း Extended LANs လို့ခေါ်ပါတယ်

Mobile Computing

                Mobile Computingဆိုတာ ပြောရလို့ရှိရင် ပြင်ပကိုရောက်နေတဲ့အသုံးပြုသူတစ်ယောက်က Radio ဒါမှမဟုတ် တယ်လီဖုန်း Frequencesကိုအသုံးပြုပြီး မိခင်ဌာနက Serverကိုချိတ်ဆက်အသုံးပြုခြင်းဖြစ်ပါတယ်
ဒီနေရာမှာ မတူညီတဲ့အချက်လေးတွေ အနည်းငယ်ပြောပြစရာရှိပါတယ်😮
အဲဒါကတော့ Data ကနေ Signalတွေသယ်ဆောင်တဲ့အကြောင်းဖြစ်တယ်

ကျွန်မ အပေါ်မှာပြောခဲ့တဲ့အုပ်စု (3)စုထဲက
LAN နဲ့ Extended LAN တို့က Wireless Networking ကိုအသုံးပြုရာနေရာမှာ ရုံးခန်းအတွင်းမှာပဲကိုယ်ပိုင်ထိန်းချုပ်တာပဲဖြစ်ပါတယ်
ကဲ ဒါမှာပြောစရာရှိသေးတယ်!!!
နံပါတ် (3) ဖြစ်တဲ့ mobile computingက  mobile user နဲ့ မိခင်ဌာနတို့အဆက်အသွယ်ရပြီး အချက်အလက်တွေပို့ပေးခြင်း လက်ခံခြင်း အဲဒီလိုကိစ္စတွေအတွက် Third partyရဲ့ support မှုတွေ လိုအပ်ပါတယ်
အခုပြောပြတဲ့ Communication ကို ဖြစ်အောင်လုပ်ပေးတဲ့ Third Party Communication Carrier တွေကတော့ GTE, MCI, AT နှင့် T တို့ပဲ ဖြစ်ကြပါတယ်
သူတို့ဟာ Wireless Communication ဖြစ်အောင် Wireless ဖြင့် Data တွေ Voice တွေ ပေးပို့လို့ရအောင် ဆောင်ရွက်ပေးပါတယ်

Thanks for reading😘😘
                                              Written by coder_tsuki
                                                            8/24/2022

Luois likes this post

Luois
Luois
Admin
Posts : 12
Join date : 2022-08-22
Age : 27
Location : Yangon
https://luois-lab.forumotion.com

Wireless Networking Empty Re: Wireless Networking

Wed Aug 24, 2022 11:43 pm
မိုက်တယ် ကျေးဇူးပါ လာရေးပေးလို့ Wireless Networking 1f617
Back to top
Permissions in this forum:
You cannot reply to topics in this forum