Sharing Your Exp & Knowledge

Join the forum, it's quick and easy

Sharing Your Exp & Knowledge
Sharing Your Exp & Knowledge
Would you like to react to this message? Create an account in a few clicks or log in to continue.

Go down
avatar
Mrs Luois
Posts : 3
Join date : 2022-08-23
Age : 21
Location : Gwa, Rakhine state, Burma

0SI Model by coder_tsuki Empty 0SI Model by coder_tsuki

Tue Aug 23, 2022 3:08 pm
ဒီသင်ခန်းစာမှာ ကျွန်မက OSI Model အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်
ပထမဆုံး OSI Reference Model အကြောင်းကိုပြောပြမယ်ပေါ့နော်
ကဲ စလိုက်ကြရအောင်!!!
OSI Reference Model ဆိုတာ Open System Interconnection (OSI) Reference Modelဖြစ်ပါတယ်
Open networking စနစ်အတွက်နည်းပညာ Model တစ်ခုဖြစ်တဲ့ ဒီOSI reference modelကို International Organization for Standardization (ISO)က 1974ခုနှစ်ကတည်းက ဥရောပမှာ developed လုပ်ခဲ့တာဖြစ်ပါတယ်
အစပိုင်းမှာတော့ သူဟာအကြောင်းအမျိုးမျိုးကြောင့်အောင်မြင်မှုမရရှိခဲ့ပါဘူး
အလွှာ7လွှာပါတဲ့ ဒီOSI Modelဟာ Ethernetတို့ TCP/IP တို့လို Networking Protocol တွေကို Implement လုပ်ပေးနိုင်ပါတယ်
ကွန်ပျူတာအချင်းချင်းဆက်သွယ်ဖို့ဆိုတာ အတော်လေးရှုပ်ထွေးတဲ့ကိစ္စတစ်ခုပါ
အာ့တာထက်ပိုပြီးရှုပ်ထွေးတဲ့ကိစ္စတစ်ခုကတော့ သတ်မှတ်ထားတဲ့ rule တစ်ခုတည်းနဲ့ အားလုံးကိုတစ်ပြိုင်နက်ထဲပြေလည်စေဖို့ဆိုတာပဲ
ကဲ  အာ့တာတွေကဘယ်လိုအကြောင်းအရာတွေလဲဆိုတော့ ဥပမာပြောရရင်
(1)မတူညီတဲ့ Computer အမျိုးအစားတွေဆက်သွယ်နိုင်ဖို့
(2) ပို့လိုက်တဲ့ data တွေဟာ ရွယ်ရွယ်ထားတဲ့ target ကိုတိုက်ရိုက်ရောက်အောင် ဘယ်လိုသွားမလဲ
(3)ရရှိလာတဲ့messageတွေကရောမှန်ကန်မှုရှိလား ဘယ်လိုပြန်စစ်မလဲ
စတဲ့အချက်လေးတွေပေါ့နော်
သူတို့အားလုံးကို တစ်ပြိုင်နက်ထဲပြေလည်စေဖို့ Modelတစ်ခုရှိပါတယ်
ဒါဟာအခုပြောပြနေတဲ့ OSI 7 layers ပေါ့
သူ့ကို protocol stack လို့လဲခေါ်တယ်
OSI 7 layers ကတော့
1. Application layer
2.Presentation layer
3.Session layer
4.Transport layer
5.Network layer
6.Datalink layer
7.Physical layer
အဲဒီမှာ Layer 1က Physical Layerပါ
Layer 7ကတော့ Application Layer ဖြစ်ပါတယ်
Physical Layer Protocolက Network media ပေါ်က communication ကို control လုပ်ပါတယ်
Application layer ကတော့ Computerမှာသုံးနေတဲ့ Application တွေအတွက် network serviceကို ချိတ်ဆက်ပေးပါတယ်
ကြားထဲကအလွှာ 5ခုကတော့ အလယ်အလတ် ဆက်သွယ်ရေးတာဝန်တွေကိုလုပ်ပါတယ်
Networking Protocolတွေဖြစ်ကြတဲ့ TCP/IP ဒါမှမဟုတ် Ethernet တွေကို Implementလုပ်ပေးနိုင်မဲ့ Functions တွေဟာ OSI 7 layersမှာပါရှိပါတယ်

Physical Layerရဲ့တာဝန်က
physicalဆိုတဲ့အတိုင်း ကွန်ရက်ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုတာဝန်ယူရတယ်
ဘာတွေလဲဆိုတော့ connections, ကြားခံပစ္စည်း Mediaတွေ, အပေါ်အလွှာတွေကဆင်းသက်လာတဲ့Data တွေကို Electrical Impulses
(ဥပမာအနေနဲ့ပြောရရင် Voltage, Current, Modulation နဲ့ Bit Synchgronization) တွေအဖြစ် ပြောင်းလဲပေးရပါတယ်
Physical Layer နဲ့ပတ်သက့တာတွေကတော့ Twisted Pair, Coaxial, AUI Network Card

Data Link layerရဲ့တာဝန်ကတော့ Data Pack တွေကိုထုတ်ပ်ုးပါတယ်
ပို့လွှတ်ပါတယ်
checking လုပ်ပါတယ်
Data Link Layerဟာ Physical Layer Token Ring ကိုအသုံးပြုပြီး Dataတွေကို ပို့လွှတ်ခြင်းနဲ့ လက်ခံရယူခြင်းတို့ကို လုပ်ဆောင်ရပါတယ်
နောက်ပြီး Network Layerကိုလဲဝန်ဆောင်မှုတွေပန့်ပိုးပေးရပါသေးတယ်
Data Link Layerနဲ့ပတ်သက်တာတွေကတော့
MAC
Addressing Ethernet
Token Ring

Network Layer ကတော့ အလွယ်မှတ်ထားရင် လမ်းကြောင်းရှာတာလို့ မှတ်ထားလို့ရတယ်
စတင်တဲ့နေရာဖြစ်တဲ့(Server) နဲ့ ရောက်ရှိရာနေရာဖြစ်တဲ့ (Destination) အကြားလမ်းကြောင်း(Route)ကိုရှာဖွေပေးရပါတယ်
Local Connections တွေကို ပြုလုပ်ပေးခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ကိုလုပ်ဆောင်ရပါတယ်
Network Layerနဲ့ပတ်သက်တာတွေကတော့
IPX
IP

Transport Layer ကတော့ Flow Control ကိုလုပ်ဆောင်ရပါတယ်
ပြီးတော့ အစွန်းတစ်ဖက်ကနေ နောက်အစွန်းတစ်ဖက်အထိ ဆက်သွယ်မှု communicationကို ပံ့ပိုးပေးရပါတယ်
Transport Layerနဲ့ ပတ်သက်တာက
TCP
NetBEUI SPX

Session Layer ကတော့ Connection တစ်ခုအတွင်းမှာရှိကြတဲ့ Data Packet နဲ့ Dialog တွေကို Sequence စီတန်းခြင်းနဲ့ ထိန်းညှိခြင်းကိုလုပ်ပါတယ်
Session Layer ဟာ တစ်နေရာမှ တစ်နေရာသို့ Transmission ပြီးဆုံးတဲ့အထိ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု connectionဖြစ်နေစေဖို့ စောင့်ထိန်းပေးပါတယ်
Session Layer နဲ့ပတ်သက်တာကတော့ Telnet ဖြစ်တယ်

Presentation Layerကတော့ Character Set တွေကို ဘာသာပြန်ခြင်း
Dataတွေကို ဖွက်ပြီးပို့ခြင်း (အသုံးပြုလို့မရအောင် Encrhpt လုပ်ပြီးပို့ခြင်း)
Dataများကို ချုံ့ခြင်းနှင့် ချုံ့ထားသော dataများကိုပြန်ဖြေခြင်းတို့ကို လုပ်ဆောင်ရပါတယ်
နောက်ပြီး Application Layerကို Data အဖြစ် ပြန်လည်တင်ပြခြင်းကို လုပ်ဆောင်ရပါတယ်
Presentation Layer နဲ့ပတ်သက်တာကတော့
ASCII
EBCDIC

Presentation Layerကတော့ Character Set တွေကို ဘာသာပြန်ခြင်း
Dataတွေကို ဖွက်ပြီးပို့ခြင်း (အသုံးပြုလို့မရအောင် Encrhpt လုပ်ပြီးပို့ခြင်း)
Dataများကို ချုံ့ခြင်းနှင့် ချုံ့ထားသော dataများကိုပြန်ဖြေခြင်းတို့ကို လုပ်ဆောင်ရပါတယ်
နောက်ပြီး Application Layerကို Data အဖြစ် ပြန်လည်တင်ပြခြင်းကို လုပ်ဆောင်ရပါတယ်
Presentation Layer နဲ့ပတ်သက်တာကတော့
ASCII
EBCDIC

OSI Model အကြောင်းကိုဒီမှာပဲအဆုံးသတ်ပါတော့မယ်
အမှားပါရင်လဲ ထောက်ပြပေးကြပါ
                                                        written by coder_tsuki
                                                                   8/23/2022

Luois likes this post

Luois
Luois
Admin
Posts : 12
Join date : 2022-08-22
Age : 27
Location : Yangon
https://luois-lab.forumotion.com

0SI Model by coder_tsuki Empty Re: 0SI Model by coder_tsuki

Wed Aug 24, 2022 12:16 am
good writeup...my lovie <3

Mrs Luois likes this post

Back to top
Permissions in this forum:
You cannot reply to topics in this forum