Sharing Your Exp & Knowledge

Join the forum, it's quick and easy

Sharing Your Exp & Knowledge
Sharing Your Exp & Knowledge
Would you like to react to this message? Create an account in a few clicks or log in to continue.

Go down
avatar
Mrs Luois
Posts : 3
Join date : 2022-08-23
Age : 21
Location : Gwa, Rakhine state, Burma

IP Addressing Empty IP Addressing

Thu Aug 25, 2022 7:20 pm
ဒီသင်ခန်းစာမှာတော့ ကျွန်မက IP Addressing အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်
ဒီသင်ခန်းစာမှာ IP Version 4 (IPv4) နှင့် IP Version 6 (IPv6) နှစ်မျိုးလုံးပြောပြပေးသွားမှာဖြစ်ပါတယ်
IP Address ရဲ့ Format နဲ့ IP Classတွေအကြောင်းအရင်​ရှင်းပြချင်ပါတယ်
IPv4 အကြောင်းအရင်ရှင်းပြမယ်နော်
ပြီးတော့မှ IPv6 အကြောင်းအကြောင်းပြောပြမယ် ဟဲဟဲ😝

IPv4 Address အကြောင်း
          IP Address ဆိုတာ TCP/IP Protocolကိုအသုံးပြုထားတဲ့ IP Network တစ်ခုမှာရှိတဲ့ Hostတွေရဲ့ ID နံပါတ်ဖြစ်ပါတယ်
အလွယ်ပြောရရင်ကတော့ Host တွေရဲ့ Identifier (ID Number)ပဲဖြစ်ပါတယ်
ကဲ ဒီနေရာမှာ Hostဆိုပြီး ဘာလို့ပြောလဲလို့မေးစရာရှိတယ်
Host လို့ပြောရတာက Networkမှာရှိတဲ့ ကိုယ်ပိုင် ID တစ်ခုရထားတဲ့ ပစ္စည်းတိုင်းကိုဆိုလိုချင်လို့ဖြစ်ပါတယ် အဲဒါကြောင့် Host ဆိုတာ ကွန်ပျူတာလဲဖြစ်နိုင်တယ် ပရင်တာလဲဖြစ်နိုင်တယ်
IP Address ပိုင်ဆိုင်တဲ့မည်သည့်ပစ္စည်းမဆိုဖြစ်နိုင်တယ် (ဟုတ်ပြီနော်😜)
ဆက်ပြောမယ်
Host တွေမှာရှိကြတဲ့ ID number (IP Address) တစ်ခုနဲ့တစ်ခု တူလို့မရပါဘူး ထပ်လို့မရပါဘူး
အဲ့တော့ Unique ဖြစ်ရမယ်လို့ပြောတာပေါ့ရှင်
(Unique ဆိုတာက ထပ်တူမရှိတာပေါ့)
IP Address တစ်ခုကို ဥပမာပြောရလို့ရှိရင်
               192.10.15.1
အခု​ပြထားတဲ့ IP Addressမှာ Decimal Format နဲ့ဖော်ပြထားတာဖြစ်ပါတယ်
တကယ်တော့ IP Addressဟာ သူကိုယ်တိုင်အလုပ်လုပ်တဲ့အခါမှာ (0) နဲ့ (1) ပဲရှိတဲ့ binary format နဲ့အလုပ်လုပ်ရတာဖြစ်ပါတယ်
(သူ့ကိုကျတော့ base 2 လို့ခေါ်တာပေါ့)
192.10.15.1 ဟာdecimal format ဖြစ်ပြီးတော့ baseနဲ့ပြောရရင် base10 ဖြစ်ပါတယ်
အဲ့တော့ 192.10.15.1ကို binary format နဲ့ပြရလို့ရှိရင်
11000000.00001010.00001111.00000001
ဖြစ်ပါတယ်
ဒါဟာ IP Address တကယ်အလုပ်လုပ်တဲ့ပုံစံဖြစ်ပါတယ်
192.10.15.1ဆိုတဲ့ Address ကိုကြည့်ရအော်!
192 နဲ့ 10ကြားမှာ အစက်တစ်စက်ရှိတယ် အဲဒါကို Dotted Decimal Locationလို့ခေါ်တယ်
192ဆိုတဲ့ဂဏာန်းဟာ​ 1 Byteရှိတယ် သူ့ကို Octetလို့လဲခေါ်တယ်
အဲဒီတော့ပြောရရင် 192 ဆိုတာ Octetတစ်ခု
10 ကလဲ Octet တစ်ခု 15ကလဲ Octet တစ်ခု 1ကလဲ Octet တစ်ခုဖြစ်တယ်
Octet တစ်ခုချင်းဆီကို Dotဆိုတဲ့အစက်ကလေးနဲ့ခြားထားတာဖြစ်တယ်
Octet တစ်ခုချင်းစီဟာ တစ်နည်းအားဖြင့် 1Byte (8bit) ရှိတယ်
အဲဒီတော့ IP Address တစ်ခုမှာ 4 Octet ရှိတာကြောင့် Byte အရပြောရင် 4 Byte, bit အရပြောရင် 32 bit ရှိပါတယ်
Octet တစ်ခုဟာ 0ကနေ 255 အထိပဲရှိပါတယ်
ဆိုလိုချင်တာကတော့ 192ဆိုတဲ့နေရာမှာ 192မဟုတ်ပဲ အခြားဂဏာန်းတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲဒီဂဏာန်းဟာ 0ကနေ 255အထိပဲဖြစ်ရပါမယ်

ဆက်ပြီးတော့ IPv4 Addressအမျိုးအစားများအကြောင်းပြောပြမယ်နော်
IPv4 Address အမျိုးအစား 3မျိုးရှိတယ်
အဲဒါတွေက
1. Unicast
2. Multicast
3. Broadcast တို့ပဲ ဖြစ်ကြပါတယ်
ဒီ3ခုကို ဆက်ရှင်းပြပါမယ်
IPv4 Unicast Address
Networkတစ်ခုထဲမှာရှိတဲ့ Address တွေဟာတစ်ခုနဲ့တစ်ခု မတူရပါဘူး
တကယ်လို့ Host ဟာသူ့ရဲ့ကွန်ရက်ကနေ internetကိုတိုက်ရိုက်ဆက်သွယ်ချင်တယ်ဆိုရင် သင့်ရဲ့ ISP ဒါမှမဟုတ် ICANNက သတ်မှတ်ထားတဲ့ Public Address ကိုပဲ သုံးရမှာဖြစ်ပါတယ်

ICANN ဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်🤨
ICANNဆိုတာ Internet Corporation for Assigned Names and Numbers ဖြစ်ပါတယ်
ICANNဟာ IP Address ကိုလာဝယ်တဲ့ Organization အတွက် IP Addressကို သတ်မှတ်ပေးလိုက်ပါတယ် အဲဒါအပြင် Addressကို အင်တာနက် router ထဲပါကိုထည့်ပေးလိုက်ပါတယ် အဲဒါမှ Organization ဟာအင်တာနက်လမ်းကြောင်းရရှိမှာဖြစ်ပါတယ်
ဆိုလိုချင်တာကတော့ 
ကျွန်မက ဆရာဖြိုးရင်ထဲကပါ😝
ကျွန်မကို IP addressတစ်ခုပေးပါ 
ပေးလိုက်တဲ့ IP Address က 192.198.100.100 ပဲထားပါတော့ 
အဲလိုသတ်မှတ်ပေးရုံနဲ့ မပြီးသေးဘူး ဒီAddressကို internet router ထဲထည့်ပေးရသေးတယ် အဲဒါမှ  Data Packet တွေဟာ ဆရာဖြိုးရင်ထဲကကျွန်မဆီကို ရောက်လာမှာဖြစ်ပါတယ်🤪🤪
ICANN အကြောင်း ကြော်ငြာဝင်တာပေါ့နော် :3

ခုနကအဆက်ကို ပြန်သွားမယ်
IPv4 Unicast Address ရဲ့ First Octet ဟာ 0 နဲ့ 127 ကိုအသုံးပြုလို့မရပါဘူး
IPv4 ရဲ့ Unicast Address မှာHost ID ပေးရင် သတိထားရမှာက ရှေ့ဆုံး Nodeနဲ့ နောက်ဆုံး Nodeကို မသုံးရဘူး
ဥပမာ 192.10.15.x မှာ 192.10.15.0 နဲ့ 192.10.15.255 ဆိုတဲ့ Host ID နှစ်ခုကိုမသုံးရပါဘူး

IPv4 Multicast Address 
Multicast Addressဆိုတာ Packets တွေကို တစ်နေရာထဲကနေ ရည်ရွဟ်ရာနေရာအများကြီးဆီကို ပို့လိုက်တာဖြစ်ပါတယ်
IPv4 Multicast Address တွေဟာ အင်တာနက် Address Class 9 တွေဖြစ်ပါတယ်
224.0.0.0/4 ဖြစ်ပါတယ်
Range အရပြောရရင်တော့ 224.0.0.0 မှ 239.255.255.255 ဖြစ်ပါတယ်
အဲဒီ Multicast Address တွေကို Video Conferencing မှာအသုံးပြုကြပါတယ်

IPv4 Broadcast Address
Broadcast Address ဆိုတာကျတော့ Packets တွေကို တစ်နေရာထဲကနေ subnet ကွန်ရက်မှာရှိတဲ့ Host အားလုံးဆီကိုပို့တာဖြစ်ပါတယ်
အဲဒီတော့ ပြန်ပြောရရင် 
Unicast ဆိုတာ One to One
Multicast ဆိုတာ One to Many
Broadcast ဆိုရင် One to All ဖြစ်ပါတယ်
Broadcast Address များမှာ အောက်ပါအတိုင်းထပ်မံခွဲခြားလို့ရပါတယ်
1. Network Broadcast
2.Subnet Broadcast
3.All Subnets Direct Broadcast
4.Limited Broadcast

IPv6 Addressအမျိုးအစားများအကြောင်းကို ပြောပြမယ်နော်
IPv6 Address အမျိုးအစား 3မျိုးရှိပါတယ်
အဲဒါတွေကတော့ 
1. Unicast Address
2. Multicast Address
3. Anycast Address တို့ဖြစ်ကြပါတယ်
Unicast Address နှင့် Multicast Addressတို့အကြောင်းကို ရှေ့မှာရှင်းပြခဲ့ပြီးပါပြီ
အဲဒါကြောင့် Anycast Address အကြောင်းကိုပဲ ရှင်းပြပေးမှာဖြစ်ပါတယ်

Anycast Addressအကြောင်း
Anycast Address ဆိုတာ Unicast Address နှင့် Multicast Address စတဲ့ Address နှစ်ခုတို့ရဲ့ Concept ကို ပေါင်းထားလို့ရတယ်လို့လည်း ပြောလို့ရပါတယ်
Unicastက ဘာပြောသလဲဆိုတော့ Unicastဆိုတာ Addressတစ်ခုကိုပဲ ဦးတည်ပြီးပို့တာဖြစ်ပါတယ်
Multicast ကျတော့ Group တစ်ခုမှာရှိတဲ့ Member တိုင်းကို ပေးပို့တာပါ
Anycast ကျတော့ Groupထဲက တစ်ယောက်ယောက်ဆီကို ပို့ပေးပါဆိုပြီးဖြစ်ပါတယ်

Thanks for reading

                                                    written by coder_tsuki
                                                               8/25/2022
Back to top
Permissions in this forum:
You cannot reply to topics in this forum